skip to main |
skip to sidebar
?
?
?
ယခုနှစ်အတွင်း မန္တလေးသို့ ရှင်းလင်းပွဲတစ်ခုသွားတက်ရင်းရောက်ရာ ရွှေကျီးမြင်ဘုရားဝင်းအတွင်း ဖိုးသူတော်နှစ်ဦးကို တွေ့ခဲ့ရသည်။ ဖိုးသူတော်များမှာ ချစ်ခင်ဖွယ်ဖြစ်သည်။
သူ ကြည့်နေသည်
ဘာကို ကြည့်နေပါသလဲ
ဘာကိုလိုချင်ပါသလဲ
ဘယ်သူသိပါသလဲ
အဖြေကောရှိပါရဲ့လား
စိတ်ဝင်စားစရာကောင်းသည်မှာ
သူမကြည့်နေခြင်းဖြစ်သည်။
ကျွန်တော် သူမအကြည့်ကြောင့် ရင်ခုန်နေပါသည်။
ရင်ခုန်ကောင်းသည် မဟုတ်ပါလား။
သူမ အပြလှပါသည်။
လှမှာပေါ့လေ.............
သူမက မင်းသမီးကိုး။
စတင်ခြင်းကို ကျွန်ုပ်တို့ ယနေ့စတင်ပြုလုပ်လိုက်ကြသည်၊ ကျွန်ုပ်တို့ဆိုသည်မှာ ကိုမြင့်မြတ်နှင့် ကျွန်တော်ဖြစ်ပါသည်။ ကျွန်တော်က မြန်မာဘာသာဖြင့် ဘလောက်ခ်လုပ်ချင်သည်ကို အကူအညီတောင်းရာ ကိုမြင့်မြတ်က ကူညီပေးခြင်းဖြစ်သည်။ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ပျော်ရွှင်မိပေသည်။
မြန်မာဘာသာဖြစ်သောကြောင့် မြန်မာစာတတ်သူတိုင်း အလွယ်တကူဖတ်နိုင်ပေတော့မည်။
ကိုမြင့်မြတ်ကို ကျေးဇူးတင်ပါသည်။
နောက်ပိုင်း ပုံမှန်ရေးနိုင်အောင် ကြိုးစားသွားပါမည်။